နာကျင်ရတာ များလာတဲ့သူဟာ ထုံအသွားတတ်တယ် ။ မျိုသိပ်ရတာ များလာတဲ့သူဟာ တိတ်ဆိတ်သွားတတ်တယ် ။ ပစ်ထားခံရတာ များလာတဲ့သူဟာ တစ်ယောက်တည်း နေတတ်သွားတယ် ။ အထင်လွဲခံရတာတွေ များလာတဲ့အခါ ဘာကိုမှဂရုမစိုက်တော့ဘဲ နေတတ်လာတယ် ။ မေတ္တာကို စျေးနှိမ်ခံရတာ များလာတဲ့အခါ ဥပေက္ခာပြုတတ်လာတယ် ။ ဖတ်တွယ်ထားရတာ ပင်ပန်းမှန်းသိလာတဲ့အခါ လက်လွှတ်တတ်လာတယ် ။ သဘောကောင်းတဲ့သူဟာ ခံရတာပိုများမှန်း သိလာတဲ့အခါ ပြတ်သားတတ်လာတယ် ။ ဆုပ်ကိုင်ထားရတာ ပူလောင်မှန်းသိလို့ ဖြေလျော့တတ်လာတယ် ။ ချစ်ရတာ မအေးချမ်းမှန်း သိလာတဲ့အခါ မနှောင်ဖွဲ့မိအောင် နေထိုင်တတ်လာတယ် ။ ဒီသဘောတရားတွေကို သိခဲ့လို့ အခုနောက်ပိုင်း ဘယ်အရာကမှ ကိုယ့်ကိုပျော်ရွှင်အောင် မဖန်တီးပေးနိုင်သလို ဘယ်အရာကမှလဲ ကိုယ့်ကို နာကျင်အောင် လာမလုပ်နိုင်တော့ဘူး ။ ရင့်ကျက်သွားတာတော့ မဟုတ်ပါဘူး ။ ဘယ်အရာပေါ်ကိုမှ စိတ်ခံစားချက်တွေ အရမ်းကြီး နှစ်မထားတော့တာ ။ #foryou #foryourpage #ကော်ဖီသောက်သွားအုန်း😍😁😘